Posted inဆောင်းပါး
သိမှတ်စရာ လူမှုပြောဆိုဆက်ဆံရေးရာ
နိဒါန်း။ ။ မိခင်ဝမ်းထဲမှ လွတ်ကျမွေးခါစ ကလေးပင်လျှင် “အူဝဲ” ဟူသော ဆက်သွယ်ရေးရာအသံပြုချက်ဖြင့် မိသားစုနှင့် လောကကြီးကို စတင်ဆက်ဆံရပါသည်။ လူမှုနယ်ပယ်၌ ပြောဆိုဆက်ဆံရေးသည် နေ့စဉ်နှင့်အမျှ ပြုလုပ်ရသော၊ ရှောင်လွှဲ မရသော အရာဖြစ်သည်။ မိသားစု၌၊ လုပ်ငန်းခွင်၌ ပြောဆိုဆက်ဆံရေးကို လူသားတိုင်း ပြုလုပ်ရ၏။ မိတ်ဆွေအချင်းချင်း အကြား၊ လုပ်ဖော်ဆောင်ဖက် အချင်းချင်းအကြား၊ သမီးရည်းစားနှင့် အိမ်ထောင်ရှင် များအကြား…